ဝိရောဓိ
- 12 October, 2011 -
- ကဗျာများ -
- Tags : ကဗျာများ
- 0 Comments
ဝိရောဓိ
စိတ်ကူးယဉ်လို့ စိတ်ကူးမယဉ်လို့
နှိမ်ချလို့ နိမ့်ကျလို့
မျှော်လင့်လို့ မမျှော်လင့်လို့
ဝမ်းနည်းလို့ ဝမ်းမနည်းလို့
ဟန်ဆောင်လို့ ဟန်မဆောင်လို့
ကလေးစကားတွေ လူကြီးများပြောလို့
လူကြီးများ ကလေးစကားတွေပြောလို့
လူကြိုက်များတာတွေ ရေရွတ်လို့
ရေရွတ်တာတွေ လူများကြိုက်လို့
သိကြားမင်း ဖန်ဆင်းတဲ့ နွား
ချိုကုပ်လို့ ချိုထောင်လို့
အသက်အရွယ်နဲ့ သိက္ခာအကြား
ဆန္ဒတရားတွေ ထောင်လွှားလို့
ကရားရေလွတ်တွေ ပြောလို့ 
တရားလက်လွတ်တွေ ဖြစ်လို့ (မရှိတဲ့ တရား)
ကွေ့ကောက်လို့ ကောက်ကွေ့လို့
ခြောက်သွေ့လို့ သွေ့ခြောက်လို့
တွန့်တိုမှုတွေကို ဆုပ်ကိုင်လို့
ဆုပ်ကိုင်မှုတွေကို အပြစ်တင်လို့
မကြည်မလင် ဖြစ်လို့
ဖြစ်နေတာတွေကို မကြည်လင်လို့
မသေချာလို့ သေချာလို့
ရေရာလို့ မရေရာလို့
…….
ခင်ဗျားတို့ ကျွန်တော်တို့
ဒီဘူတာကနေ မြန်မြန်သွားသင့်နေပြီဗျာ။
ဆက်စပ် အကြောင်းအရာမရှိပါ!
Facebook Comments:
