Add Me!Close Menu Navigation

အတွေး၊ အမြင်၊ ခံစားမှု နှင့် မှတ်တမ်းများ

Add Me!Open Categories Menu

အရေးအသားတစ်ခု

ဝင်ရိုးစွန်းတူလို့
တစ်ယောက်ကို တစ်ယောက် တွန်းကန်ကြတယ်
ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ။
အဖေဟာ အရောင်သန်းနေတဲ့ သတ္တု
ကက်ဆက်ကို အကျယ်ကြီးဖွင့်တယ်
လက်မောင်းမှာ ဆေးမင်ကြောင် အဝိုင်းအဝိုင်းတွေနဲ့
အဆုတ်တစ်ခြမ်း မကောင်းတော့ဘူး။
ကျွန်တော်တို့ အမှားအယွင်းတစ်ခုခု လုပ်မိတာနဲ့
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျွန်တော်တို့ကလည်း ခေသူမဟုတ်
ရွေ့တယ်။
ကျွန်တော်တို့ ခေတ် စိတ္တဇများ
ဆံပင်ရှည်ထားလိုက်
ကတုံးဖြစ်လိုက်
အိမ်ဟာ လက်ဖက်ရည်ဆိုင်လို
ဝင်လိုက်
ထွက်လိုက်။ ။

စိုင်းဝင်းမြင့်
(ခင်အောင်မြင့်၏ တိမ်လွှာမို့မို့လ့င်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့စာအုပ်မှ)

Source: ခေတ်ကျန်ကဗျာများ

ဆက်စပ် အကြောင်းအရာများ -

  1. “ကဗျာ” ရေးတဲ့ “ကဗျာ”
  2. မိုက်မဲတဲ့ကောင်းကင်၊ အသုံးမကျတဲ့မိုး
  3. မြောက်ဘက် မြို့တော်
  4. အပင်စိုက်ခြင်း
  5. သော့
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Posted By Mhaw Sayar

Facebook Comments:

One Response to “အရေးအသားတစ်ခု”

  1. THS says:

    ဆရာစိုင်းဝင်းမြင့် က အတုယူ အားကျခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်ပါ ၊ ဆရာ့ အရေးအသားတွေကို ဘယ်အချိန်ဖတ်မိ ဖတ်မိ နှစ်သက်နေဆဲပဲ ။

    Thumb up 0 Thumb down 0

Leave a Reply




စာဖတ်သူ မိတ်ဆွေများ