ပန်းပုထုခြင်း
(က)
အဲဒီလို
ယမ်းခိုးဝေတဲ့ စာမျက်နှာတွေ
ကျီးလန့်စာစား ညမနက်တွေနဲ့
နေ့စဉ်ရက်ဆက် အိပ်ရေးပျက်တယ်
(ခ)
စွပ်စွဲမှုကိုယ်စီ ကိုင်စွဲလို့
အပြန်အလှန် ခြုံခိုတိုက်ခိုက်
လူမိုက်တွေရဲ့ ရိုက်နှက်မှုအောက်မှာ
ငြိမ်းချမ်းရေးရဲ့ ဉီးခေါင်း
သွေးအလိမ်းလိမ်းနဲ့
အကြိမ်ကြိမ် အက်ကွဲခဲ့ရတယ်
(ဂ)
ခဏခဏ
သံသယတွေကို ဖြန့်ခင်း
ခင်ဗျားတို့ရဲ့ မိုက်မဲမှု စစ်တလင်းတွေထဲ
အားလုံးရဲ့ အိပ်မက်တွေ
အစင်းစင်း ပဲ့ကြွေလို့
သေသေချာချာ မိုင်းနင်းမိကြတာလည်း အခါခါ
(ဃ)
အမှန်တရားကို ထွန်းညှိဖို့
စကားလုံး အကြီးကြီးတွေ မလိုအပ်သလို
ဗုံး ခပ်ကြီးကြီးတွေလည်း မလိုအပ်ပါဘူး
ရက်စက်မှုတွေကို ဖောက်ခွဲ
ရေနည်းငါး ဘဝတွေကို ပြန်ပေးဆွဲစရာလည်း မလိုပါဘူး
တစ်ကယ်တော့
ခင်ဗျားတို့ လိုတာ
“ရိုးသားမှု” ဆိုတဲ့ မီးခြစ်ဆံ တစ်ချောင်းတည်းပါဗျာ
(င)
ကဲဗျာ
လေးစားမှု၊ ချစ်ခင်မှုတွေနဲ့ ပုံဖော်ထုဆစ်
အတိတ်က အဖြစ်အပျက်တွေကိုလည်း
လွှင့်ပစ်သင့်တာ လွှင့်ပစ်လို့
နှစ်နှစ်ကာကာ ယုံကြည်မှုမျိုးနဲ့
စည်းလုံးခြင်းဆိုတဲ့ ပန်းပုတစ်ရုပ်
မလိုအပ်တာတွေ ဖယ်ထုတ်ပြီး
အားလုံးအတွက် အချိန်မှီ ပြုလုပ်လိုက်ကြစို့လားဗျာ။
ဆက်စပ် အကြောင်းအရာများ -
Facebook Comments:

အပင်စိုက်တယ် ၊ အခု ပန်းပုထုတယ် အနုပညာတွေပါပဲ ဘရို၊ တစ်ပိုင်တစ်နိုင်ပေါ့ …..
တစ်ပိုင်တစ်နိုင်ပါပဲ ဗိုလ်တင့်ရေ….