
တွန့်တိုမှုတွေကို ဆုပ်ကိုင်လို့
ဆုပ်ကိုင်မှုတွေကို အပြစ်တင်လို့….

ကဗျာ ရွတ်မလား၊ သင်္ချာ တွက်မလား။ သမိုင်း ဖတ်မလား၊ ဒီဇိုင်းတွေပဲ စပ်ဉီးမလား။ ပရိုဂရမ်ရေးမလား၊ ဖီလိုဆိုဖီတွေ တွေးမလား။ အွန်လိုင်းပေါ်မှာ တစ်ကယ် ပြီးပြည့်စုံတဲ့ သင်ခန်းစာတွေ ကို နိုင်ငံတကာက ထိပ်တန်း တက္ကသိုလ်ကြီးတွေကနေ အခမဲ့ သင်ခန်းစာ (Open Course Ware) တွေ အနေနဲ့ “က” အစ “အ” အဆုံး မူလတန်းကနေ အဆင့်မြင့်ပညာတွေ အထိ ဖြန့်ဝေပေးနေတဲ့ ဝဘ်ဆိုဒ်တွေ ရှိပါတယ်။

စာပေဆိုင်ရာ နိုဘယ်ဆုရ အင်္ဂလိပ် ကဗျာဆရာ၊ ဇာတ်ညွှန်းရေးဆရာ ဟာရိုးလ် ပင်တာ (၁၉၃၀-၂၀၀၈) ရဲ့ “နောက်ပိုင်းမှာ” (Later) ဆိုတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ အဲဒီ ကဗျာ ထဲက စကားလုံးတိုင်းဟာ လက်ရှိ ကျွန်တော့် ထွက်သက် ဝင်သက်တိုင်းနဲ့ ထပ်တူ ထပ်မျှ ကျနေလို့ ရင်ဘတ်တူသူ မိတ်ဆွေများနဲ့ ထပ်မံမျှဝေ ခံစားလိုက်ရခြင်း ဖြစ်ပါကြောင်း။